back

စစ်ကိုင်းတိုင်း၊ဗန်းမောက်မှာ ပညာရေးဝန်ထမ်းများ လစာမရ၍ ချေးငွေယူနေရ

Dec 02 • 4:40 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ဗန်းမောက်မှာ ပညာရေးဝန်ထမ်းများ လစာမရ၍ ချေးငွေယူနေရ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းမှာ တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန် ထမ်းများသည် လစာမရ၍ ဒေသတွင်းက လုပ်ငန်းရှင်များထံမှ ချေးငွေရယူကာ စား...

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းမှာ တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန် ထမ်းများသည် လစာမရ၍ ဒေသတွင်းက လုပ်ငန်းရှင်များထံမှ ချေးငွေရယူကာ စားဝတ်နေရေးကို ဖြေရှင်းနေရ ကြောင်း သိရသည်။ဗန်းမောက်မြို့နယ်တွင် ပညာရေးဝန်ထမ်း ၃၃၈ ဦးသည် လစာ မရဘဲ ဖြစ်နေ၍ လုပ်ငန်းရှင်များထံမှ သိန်း ၂,၄၀၀ ကို ချေးငွေရယူခဲ့သည်။ထို့နောက် ရရှိငွေ ပမာဏာကို လက်ရှိတာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်း ၃၃၈ ဦးကို ခွဲဝေ ထုတ်ပေးသွားရန် အတွက် ဗန်းမောက်မြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူးနှင့် ပညာရေးဆက်သွယ်ရေးတာဝန်ခံများက ဆောင်ရွက် ပေးလျက်ရှိနေကြောင်း ဝန်ထမ်းများထံမှ သိရသည်။လုပ်ငန်းရှင်များထံမှ ချေးငွေရယူနေရခြင်း နှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အား CNI ဘက်က မေးမြန်းထား သော်လည်း ယနေ့အထိ ပြန်လည် ဖြေကြားခြင်း မရှိသေးဟု ပြောပါသည်။

news-view-count-icon

17