back

ကော့ဖန်ငန်ကျွန်းတွင် ရုရှားလူမျိုး ၂ ဦးနှင့် မြန်မာအလုပ်သမား ၁ ဦး တရားမဝင် အလုပ်လုပ်ကိုင်မှုဖြင့်ဖမ်းဆီးခံရ

Dec 02 • 4:41 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ကော့ဖန်ငန်ကျွန်းတွင် ရုရှားလူမျိုး ၂ ဦးနှင့် မြန်မာအလုပ်သမား ၁ ဦး တရားမဝင် အလုပ်လုပ်ကိုင်မှုဖြင့်ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ စူရတ်ဌာနီခရိုင်၊ ကော့ဖန်ငန်ကျွန်းတွင် ဘန်ဂလိုဖွင့်လှစ်ကာ ခရီးသည်များအား ဝန်ဆောင်မှုပေးနေသည့် ရုရှားလူမျိုး ၂ ဦးနှင့် မြန်မာအလုပ်သမား ၁ ဦးတို့ကို...

ထိုင်းနိုင်ငံ ၊ စူရတ်ဌာနီခရိုင်၊ ကော့ဖန်ငန်ကျွန်းတွင် ဘန်ဂလိုဖွင့်လှစ်ကာ ခရီးသည်များအား ဝန်ဆောင်မှုပေးနေသည့် ရုရှားလူမျိုး ၂ ဦးနှင့် မြန်မာအလုပ်သမား ၁ ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်ဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လည်ပိုင်းတွင် ဖန်ငန်ကျွန်း၊ ဘာန် ဆရီ သနူတွင် လုပ်ငန်းလိုင်စင်မရှိပဲ တရားမဝင် ဘန်ဂလို ၇ ခန်းကို တစ်ရက်လျှင် ဘတ် ၅၀၀ ဖြင့် ငှားရမ်းလုပ်ကိုင်နေသည့် ရုရှားလူမျိုး ၂ ဦးနှင့် မြန်မာလုပ်သား ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဘန်ဂလိုသည် နာမည်ခံ (Nominee) အသုံးပြုမှု ရှိမရှိ ဆက်လက်စုံစမ်းနေကြောင်းသိရသည်။ရုရှားလူမျိုး ၂ ဦးအား ခွင့်ပြုချက်မရှိဘဲ လုပ်ငန်း (ဘန်ဂလို) ကို ပူးတွဲလုပ်ကိုင်ခြင်း ၊ မြန်မာနိုင်ငံသားအား လုပ်ပိုင်ခွင့်မရှိသည့်အလုပ်လုပ်ခြင်းဖြင့်စွဲချက်တင်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

22