အင်ဒိုနီးရှားနိုင်ငံတွင် ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသူ ၄၀၀ ကျော်ကို ကယ်ဆယ်ရေးသမားများက ဆက်လက်ရှာဖွေနေပြီး အများစုမှာ မြေပြိုမှုများအောက်တွင် နစ်မြုပ်နေဖွယ်ရှိသည်ဟု ယုံကြည်ရကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၃၀ ရက်တွင်ပြောသည်။ဆိုင်ကလုန်းမိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး သီတင်းတစ်ပတ်နီးပါးအကြာတွင် ဆူမားတြားကျွန်း၌ သေဆုံးသူဦးရေ ၄၄၀ ကျော်အထိ မြင့်တက်လာကြောင်း အင်ဒိုနီးရှားအစိုးရက ပြောသည်။အကူအညီများကို လေကြောင်းနှင့် ရေကြောင်းမှတစ်ဆင့် ထိခိုက်ခံရသော ဒေသများသို့ ပေးပို့ခဲ့သော်လည်း ကျေးရွာအချို့တွင်အကူအညီများ မရရှိသေးဘဲ အစားအစာနှင့် ရေတို့ အရေးပေါ်လိုအပ်နေသည်။မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မုန်တိုင်းများကြောင့် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် သီရိ
လင်္ကာနိုင်ငံတို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူသန်းပေါင်းများစွာကို ထိခိုက်စေခဲ့ကာ
လက်ရှိအချိန်အထိ ဒေသတစ်ဝန်းတွင် လူ ၉၀၀ ကျော်သေဆုံးခဲ့ရသည်။ဆိုင်ကလုန်း ဆန်ယာအမည်ရှိ အလွန်ရှားပါးသောအပူပိုင်းမုန်တိုင်းတစ်ခုကြောင့် အင်ဒိုနီးရှားတွင် မြေပြိုမှုနှင့်ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး အိမ်များ ရေမျောပါသွားကာ အဆောက်အအုံ ထောင်ပေါင်းများစွာ ရေနစ်မြုပ်ခဲ့သည်။ အာချေး၊ မြောက်ဆူမားတြားနှင့် အနောက်ဆူမားတြားတို့တွင် လူများစွာ ပျောက်ဆုံးနေကြောင်း အမျိုးသားသဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ပြောသည်။



