back

‎နှလုံးဖောက်ဝေဒနာခံစားဖူးသူများကိုကာကွယ်ပေးနိုင်မည့် ဗိုက်တာမင်-D3

Dec 02 • 3:59 AM

breaking-news

မြန်မာ

ပြည်ပ

cover

‎နှလုံးဖောက်ဝေဒနာခံစားဖူးသူများကိုကာကွယ်ပေးနိုင်မည့် ဗိုက်တာမင်-D3

နှလုံးဖောက်ခြင်း ခံစားဖူးတဲ့သူတွေမှာ ဗိုက်တာမင်-D3 ဖြည့်စွက်အားဆေး သုံးစွဲခြင်းဖြင့် နောက်ထပ်နှလုံးဖောက်ခြင်းဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်တယ်ဆိုတာက...

နှလုံးဖောက်ခြင်း ခံစားဖူးတဲ့သူတွေမှာ ဗိုက်တာမင်-D3 ဖြည့်စွက်အားဆေး သုံးစွဲခြင်းဖြင့် နောက်ထပ်နှလုံးဖောက်ခြင်းဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်တယ်ဆိုတာကို ဆော့လိတ်ခ်စီးတီး အင်တာမောင်တိန်ကျန်းမာရေးမှ လေ့လာတွေ့ရှိထားပါတယ်။ နှလုံးဖောက်လူနာများကို ဗိုက်တာမင်-D3 ပမာဏများများဖြင့် ကုသရာမှာ နောက်ထပ်နှလုံးဖောက်နိုင်ခြေကို တဝက်လောက်အထိ လျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ၂၀၁၇ ဧပြီမှ ၂၀၂၃ မေလအတွင်း ယခင်လက နှလုံးဖောက်ခဲ့တဲ့ လူနာပေါင်း ၆၃၀ ဖြင့် စမ်းသပ်ချက်ပြုလုပ်ရာမှာ ၈၅ ရာခိုင်နှုန်းလောက်က ဗိုက်တာမင်-D3 ပမာဏ မလုံလောက်တာကို တွေ့ခဲ့ရပါတယ်။

‎အဖွဲ့တစ်ဖွဲ့ကို ဗိုက်တာမင်-D3 ဖြည့်စွက်ဆေးများ အသုံးပြုစေပြီး အခြားတစ်ဖွဲ့ကတော့ မသုံးခိုင်းပါဘူး။

‎ ဗိုက်တာမင်-D3 အသုံးပြုတဲ့အဖွဲ့မှာ သွေးတွင်းသကြားဓာတ် တစ်မီလီလီတာလျှင် ၄၀ နာနိုဂရမ်ထက် ကျော်လွန်လားဆိုတာကို တစ်နှစ်တစ်ကြိမ် စစ်ဆေးခဲ့ကြပါတယ်။ ၂၀၂၅ မတ်လအထိ စောင့်ကြည့်ခဲ့ရာမှာ အယောက် ၆၃၀ ထဲကမှ ၁၀၇ ဦးက နှလုံးပြဿနာကြီး ကြုံတွေ့ခဲ့ရပါတယ်။ ဗိုက်တာမင်-D3 ပမာဏများများပေးရာမှာ ဆိုးကျိုးတွေ မတွေ့ရဘူးလို့ အင်တာမောင်တိန်ကျန်းမာရေးမှ နှလုံးသွေးကြောအထူးကု ဟိုင်ဒီမေက ဖော်ပြထားပါတယ်။ ကမ္ဘာပေါ်က လူပေါင်း ၃ ပုံ ၂ ပုံလောက်ဟာ ဗိုက်တာမင်-D နည်းပါးနေကြပါတယ်။

‎ နေရောင်ခြည်ထိတွေ့ခြင်းဖြင့် အလုံအလောက် ရနိုင်ပေမယ့် နေထိုင်စားသောက်မှုပုံစံ အပြောင်းအလဲတွေကြောင့် လျော့နည်းလာရပါတယ်။ ယခင်လေ့လာချက်တွေမှာတော့ သွေးရည်ကြည်ထဲ ဗိုက်တာမင်-D ပမာဏနည်းပါးခြင်းနဲ့ သွေးတိုး၊ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးရပ်ခြင်း ဖြစ်နိုင်ခြေများခြင်းတို့ကြား ဆက်စပ်မှုရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။

‎ဗိုက်တာမင်-D မလုံလောက်တဲ့အခါ ရောင်ရမ်းခြင်း၊ သွေးခဲခြင်း၊ နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေများခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။


news-view-count-icon

26