back

မန်စီးတီး ဖီးလ်ဖိုဒန်ကို ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေ

Dec 02 • 3:38 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်စီးတီး ဖီးလ်ဖိုဒန်ကို ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေ

မန်ချက်စတာစီးတီးအသင်းက အသင်းရဲ့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်တဲ့ ဖီးလ်ဖိုဒန်နှင့် လက်ရှိစာချုပ်သက်တမ်းကို ၂၀၃၀ ခုနှစ် ဇွန်လအထိ တိုးမြှင့်ရန် လုပ်ဆောင်နေပြီး သဘောတူည...

မန်ချက်စတာစီးတီးအသင်းက အသင်းရဲ့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်တဲ့ ဖီးလ်ဖိုဒန်နှင့် လက်ရှိစာချုပ်သက်တမ်းကို ၂၀၃၀ ခုနှစ် ဇွန်လအထိ တိုးမြှင့်ရန် လုပ်ဆောင်နေပြီး သဘောတူညီမှု ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ကလပ်အသင်းနှင့်နီးစပ်တဲ့ သတင်းရင်းမြစ်များက ဖော်ပြပါတယ်။လက်ရှိ ဖိုဒန်ရဲ့ စာချုပ်က ၂၀၂၇ ခုနှစ် ဇွန်လတွင် ကုန်ဆုံးမှာဖြစ်ပြီး မန်စီးတီးအသင်းဘက်က စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ကလပ်အသင်းက ကစားသမားရဲ့ ကိုယ်စားလှယ်များနှင့်အတူ စာချုပ်သက်တမ်းတိုးရေးအတွက် သဘောတူညီချက်အပြည့်အစုံရရှိရန် မကြာမီ ရက်ပိုင်းအတွင်း အစည်းအဝေးတစ်ခု ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး၊ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း စာချုပ်သစ်ကို အပြီးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

news-view-count-icon

30