back

ရေကြီးရေလျှံမှုဖြစ်ပွားတဲ့ နေရာ တွေ က Cl သက်တမ်းတိုးမယ့် သူ တွေ မည်သည့်စခန်းမဆိုဆောင်ရွက်ခွင့်ပြုနေ

Dec 02 • 3:30 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ရေကြီးရေလျှံမှုဖြစ်ပွားတဲ့ နေရာ တွေ က Cl သက်တမ်းတိုးမယ့် သူ တွေ မည်သည့်စခန်းမဆိုဆောင်ရွက်ခွင့်ပြုနေ

ထိုင်းနိုင်ငံရှိ ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ နေရာ တွေက Cl သက်တမ်းတိုးလျှောက်ထားရမယ့် သူ တွေ အနေနဲ့ မည်သည့်စခန်း တွေမဆို သွားရောက်ဆောင်ရွက်နိုင်တယ်လို့ အလုပ်သမာ...

ထိုင်းနိုင်ငံရှိ ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ နေရာ တွေက Cl သက်တမ်းတိုးလျှောက်ထားရမယ့် သူ တွေ အနေနဲ့ မည်သည့်စခန်း တွေမဆို သွားရောက်ဆောင်ရွက်နိုင်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန က အသိပေးပြောပါတယ်။" အလုပ်သမားတွေ အဆင်ပြေစေဖို့အတွက် နီးစပ်ရာ CI စခန်းတွေကို သွားရောက်လျှောက်ထားနိုင်ပါတယ်လို့ "အလုပ်သမားညွှန်ကြားရေးဦးစီးဌာန က ပြောပါတယ်။ရေကြီးရေလျှံမှုများဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံ၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နဲ့ အနီး တစ်ဝိုက်ဒေသ တွေရှိ အလုပ်သမား တွေ အနေနဲ့ CI စာအုပ်ပျောက်ဆုံးတာ ၊ ပျက်စီးတာတွေ ဖြစ်ပေါ်တာ နဲ့ ငွေပေးသွင်းထားပြီး CI ပြုလုပ်ဖို့ ကျန်ရှိသူ တွေ အနေနဲ့ ငွေပေးသွင်းထားတဲ့ စခန်း တွေမှာ သွားရောက်ပြုလုပ်ဖို့ အခက်အခဲရှိတယ်ဆိုရင်နီးစပ်ရာ CI စခန်း တွေမှာ သွားရောက်လျှောက် ထားနိုင်မှာဖြစ်ပါတယ်။ Cl လျှောက်ထားသူရဲ့ ကိုယ်ရေးအချက်အလက် တွေ ကို စခန်းရှိအချက်အလက်တွေနဲ့ တိုက်ဆိုင် စိစစ်ပြီးလုပ်ထုံးလုပ်နည်းနဲ့ အညီ ပြန်လည်ထုတ်ပေးသွားမှာဖြစ်ပါတယ်လို့ " အလုပ်သမားညွှန်ကြားရေးဦးစီးဌာန က ဆက်လက်ပြောထားပါတယ်။ထိုင်းနိုင်ငံမှာ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity CI) ထုတ်ပေးရေးစခန်း ၄ ခုကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့တွေမှာ ဩဂုတ် ၆ ရက်က စတင်ပြီးလည်းကောင်း၊ Mobile Unit ၁ ခုကို ကရာဘီမြို့မှာ အောက်တိုဘာ ၁၀ ရက် က စတင်ပြီးလည်းကောင်း အသီးသီးဖွင့်လှစ်ထားကာ CI သက်တမ်းတိုးလုပ်ငန်းစဉ် တွေကို ဆောင်ရွက်ပေးနေတယ်လို့သိရှိရပါတယ်။

news-view-count-icon

16