ဘန်ကောက် လေထုအရည်အသွေး ဒေတာစင်တာ၏ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ ဘန်ကောက်မြို့ရှိ လေထုညစ်ညမ်းမှု အခြေအနေသည် PM 2.5 အမှုန်အမွှားပါဝင်မှုနှုန်း ပျမ်းမျှ 50.6 μg/m³ ရှိနေကာ ပုံမှန်သတ်မှတ်ချက်ဖြစ်သော 37.5 μg/m³
ထက် ကျော်လွန်နေသဖြင့် ကျန်းမာရေးကို စတင်ထိခိုက်နိုင်သည့် အဆင့်သို့ ရောက်ရှိနေကြောင်း သိရသည်။ PM 2.5 ပမာဏ အမြင့်ဆုံးတွေ့ရသည့် မြို့နယ် ၁၂ ခုအနက် Sathon မြို့နယ်သည် 65.8 μg/m³ ဖြင့် အမြင့်ဆုံးဖြစ်ပြီး၊ ဘန်ကောက်မြို့နေသူများအား Mask တပ်ဆင်ရန်လည်း တိုက်တွန်းထားသည်။


