back

တရုတ်နိုင်ငံ က နိုင်ငံခြားသား ပြည်ဝင်ခွင့်ကတ်ပြား အွန်လိုင်းဖောင်ဖြည့်သွင်းမှုစနစ် အကောင်အထည်ဖော်နေ

Dec 02 • 3:19 AM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်နိုင်ငံ က နိုင်ငံခြားသား ပြည်ဝင်ခွင့်ကတ်ပြား အွန်လိုင်းဖောင်ဖြည့်သွင်းမှုစနစ် အကောင်အထည်ဖော်နေ

တရုတ်နိုင်ငံ အနေနဲ့ နိုင်ငံကို နိုင်ငံခြားသားတွေ ဝင်ရောက်မှုပိုမိုအဆင်ပြေစေဖို့အတွက် နိုင်ငံခြားသား ပြည်ဝင်ခွင့်ကတ်ပြား အွန်လိုင်းဖောင်ဖြည့်သွင်းမှုစနစ် ကို အက...

တရုတ်နိုင်ငံ အနေနဲ့ နိုင်ငံကို နိုင်ငံခြားသားတွေ ဝင်ရောက်မှုပိုမိုအဆင်ပြေစေဖို့အတွက် နိုင်ငံခြားသား ပြည်ဝင်ခွင့်ကတ်ပြား အွန်လိုင်းဖောင်ဖြည့်သွင်းမှုစနစ် ကို အကောင်အထည်ဖော်လိုက်တယ်လို့ အသိပေးပြောလာပါတယ်။ တရုတ်နိုင်ငံကို နိုင်ငံခြားသား တွေ ဝင်ရောက်မှုပိုမိုအဆင်ပြေစေဖို့ အတွက် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က စတင်ပြီး ၊ တရုတ်နိုင်ငံ နယ်စပ်ဝင်ထွက်ပေါက်နေရာ တွေမှာ နိုင်ငံခြားသားပြည်ဝင်ခွင့်ကတ်ပြား အွန်လိုင်းဖောင်ဖြည့်သွင်းမှုစနစ်ကိုအကောင်အထည်ဖော်ထားတယ်လို့ " မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး က ပြောပါတယ်။စနစ်အရ နိုင်ငံခြားသားတွေဟာ တရုတ်နိုင်ငံကို မရောက်ရှိမီ တရုတ်နိုင်ငံ အမျိုးသားလူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန တရားဝင်ဝက်ဘ်ဆိုဒ်၊ အစိုးရဝန်ဆောင်မှု ပလက်ဖောင်း၊ “လူဝင်မှုကြီးကြပ်ရေးဌာန ၁၂၃၆၇” မိုဘိုင်းအက်ပ်၊ WeChat (Alipay) ပရိုဂရမ်တွေဖြစ်စေ၊ မိုဘိုင်းဖုန်း က တစ်ဆင့် ပြည်ဝင်ခွင့်ကတ်ပြား ဖောင်ဖြည့်သွင်း ဖို့ QR ကုဒ်ကိုစကင်ဖတ်ရှုတာ စတဲ့ နည်းလမ်းတွေနဲ့ အွန်လိုင်း ကတစ်ဆင့် ပြည်ဝင်ခွင့်ဆိုင်ရာ အချက်အလက် တွေကို ဖြည့်သွင်နိုင်မှာဖြစ်ပါတယ်။အခုလို အွန်လိုင်း က တစ်ဆင့် ဖြည့်သွင်းဖို့ အဆင်မပြေတဲ့ နိုင်ငံခြားသား တွေ အနေနဲ့ တရုတ်နိုင်ငံ နယ်စပ်ဂိတ်ဝင်ထွက်ပေါက်တည်နေရာကို ရောက်ရှိရင် မိုဘိုင်းဖုန်းကတစ်ဆင့် ပြည်ဝင်ခွင့်ကတ်ပြား ဖြည့်သွင်းဖို့ QR ကုဒ်ကို စကင်ဖတ်ရှုတာ ၊ နေရာမှာရှိတဲ့ စမတ်စက်ပစ္စည်း တွေ ကို အသုံးပြုပြီး အွန်လိုင်း က တစ်ဆင့် ပြည်ဝင်ခွင့်ဆိုင်ရာ အချက်အလက် တွေကို ဖြည့်သွင်းတာ နဲ့ နိုင်ငံခြားသားပြည် ဝင်ခွင့်စာရွက်ဖောင် ဖြည့်သွင်းတာ စတာတွေကို ဆောင်ရွက်သွားနိုင်မယ်လို့သိရပါတယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားသားတွေ အမြဲတမ်းနေထိုင်ခွင့်ကတ်ပြား ကိုင်ဆောင်ထားသူ၊ပြည်မကြီးခရီးသွားခွင့်လက်မှတ် ကိုင်ဆောင်ထားပြီး တရုတ်နိုင်ငံသားမဟုတ်တဲ့ ဟောင်ကောင်နဲ့ မကာအိုဒေသခံ တွေ ၊ အဖွဲ့လိုက်ဗီဇာ ကိုင်ဆောင်ထားသူ တွေ ၊အဖွဲ့လိုက် ဗီဇာကင်းလွတ်ခွင့်အတွက် အရည်အချင်းပြည့်မီသူ တွေ၊ နယ်စပ်ဂိတ်ဝင်ထွက်ပေါက်ရဲ့ သတ်မှတ်ထားတဲ့ ဧရိယာမှာ ယာယီနေထိုင်သူတွေ ၂၄ နာရီအတွင်း တိုက်ရိုက်ဖြတ်သန်းတာ ၊ သင်္ဘောနဲ့ ဝင်ရောက်တာ ၊မူလသင်္ဘောနဲ့ ပြန်လည်ထွက်ခွာသူတွေ ၊အမြန်လမ်းကြောင်းက ဝင်ရောက်သူတွေ နဲ့ ပြည်ဝပြည်ထွက် သယ်ဆောင်ပို့ဆောင်ရေးယာဉ် တွေ မှာ တာဝန်ထမ်းဆောင် တဲ့နိုင်ငံခြားသားဝန်ထမ်းတွေ စတဲ့နိုင်ငံခြားသား တွေ အနေနဲ့ ဖြည့်သွင်းဖို့ ကင်းလွတ်ခွင့်ရမှာဖြစ်တယ်လို့ သံရုံးရဲ့ပြောကြားထားတာတွေအရသိရှိရပါတယ်။



news-view-count-icon

29