အင်္ဂလန်တိုက်စစ်မှူး ဗာဒီသည် ၎င်း၏ကလပ် ခရီမိုနီဆီအသင်းအတွက် စီးရီးအေပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်း နှစ်ဂိုးသွင်းယူခဲ့ပြီး၊ ဘိုလော့ဂ်နာအသင်းကို ပထမဆုံး အိမ်ကွင်းရှုံးပွဲ တွေ့စေခဲ့သည်။ အသက် ၃၈ နှစ်အရွယ်ရှိ ဗာဒီသည် ပြီးခဲ့သည့် နွေရာသီက ခရီမိုနီဆီအသင်းသို့ တစ်နှစ်စာချုပ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ကိုးပွဲကစားပြီး လေးဂိုးသွင်းယူထားသည်။ စီးရီးအေတန်းတက်ကလပ် ခရီမိုနီဆီအသင်းသည် ၁၃ ပွဲကစားပြီး ၁၇ မှတ်ဖြင့် အဆင့် ၁၁ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။
Dec 02 • 3:18 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 37 | 0 | 0 | 0 |


