back

ထိုင်းတောင်ပိုင်း ရေကြီးမှုကြောင့် ရွှေ့ပြောင်းအလုပ်သမား ၅ သောင်းကျော်၏ အလုပ်လုပ်ခွင့်ပါမစ်များ ပျက်စီး/ဆုံးရှုံးနိုင်

Dec 02 • 3:19 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတောင်ပိုင်း ရေကြီးမှုကြောင့် ရွှေ့ပြောင်းအလုပ်သမား ၅ သောင်းကျော်၏ အလုပ်လုပ်ခွင့်ပါမစ်များ ပျက်စီး/ဆုံးရှုံးနိုင်

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာပြည်နယ်၊ ဟတ်ယိုင်မြို့နယ်တို့တွင် လက်ရှိဖြစ်ပွားနေသော စံချိန်တင် ရေကြီးရေလျှံမှုကြောင့် ရွှေ့ပြောင်းအလုပ်သမား ၅၅,၂၀၈ ဦးခန့်၏ အ...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာပြည်နယ်၊ ဟတ်ယိုင်မြို့နယ်တို့တွင် လက်ရှိဖြစ်ပွားနေသော စံချိန်တင် ရေကြီးရေလျှံမှုကြောင့် ရွှေ့ပြောင်းအလုပ်သမား ၅၅,၂၀၈ ဦးခန့်၏ အလုပ်လုပ်ခွင့်ပါမစ် စာရွက်စာတမ်းများ ပျက်စီး/ဆုံးရှုံးခဲ့မှုအတွက် စိုးရိမ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားကွန်ရက်က ဝန်ကြီးချုပ်နှင့် အလုပ်သမားဝန်ကြီးထံ အရေးပေါ်အဆိုပြုချက်တစ်စောင်ကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါအဆိုပြုချက်တွင် ရွှေ့ပြောင်းအလုပ်သမားများအား ၎င်းတို့ နားလည်သော ဘာသာစကားများဖြင့် အကူအညီပေးရန်၊ အလုပ်သို့ မသွားရောက်နိုင်သူများအား အရေးပေါ် ထောက်ပံ့ရန်၊ အလုပ်ရှင်-အလုပ်သမား ထည့်ဝင်ငွေကို အနည်းဆုံး သုံးလကြာ (ယာယီ) ကင်းလွတ်ခွင့်ပြုရန်နှင့် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးခြင်းအတွက် ဗီဇာကင်းလွတ်ခွင့်ကာလကို တိုးမြှင့်ပေးရန် စသည့်အချက်များ ပါဝင်သည်။ စက်ရုံ ၇၁၅ ရုံခန့် လည်ပတ်မှု ရပ်ဆိုင်းသွားခြင်းနှင့် စိုက်ပျိုးမြေ ၃၇,၀၀၀ ရိုင်ကျော် ပျက်စီးခြင်းတို့ကြောင့် တစ်ရက်လျှင် ဘတ် ၁,၀၀၀ မှ ၁,၅၀၀ သန်းအထိ ဆုံးရှုံးမှုများ ရှိနိုင်ကြောင်း ထိုင်းသတင်းများက ခန့်မှန်းဖော်ပြသည်။

news-view-count-icon

23