ချင်းပြည်နယ်၊တီးတိန်မြို တွင်ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် (၀၁)နာရီ၊ (၂၅)မိနစ်၊ (၀၆) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၆၁) မိုင်ခန့် ကွာဝေးသော တီးတိန်မြို့၏ အရှေ့မြောက်ဘက် (၁၃) မိုင်ခန့်အကွာ၌ ငလျင်လှုပ်ခတ်ခဲ့ပါသည်။မြောက်လတ္တီတွဒ် (၂၃.၄၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၈၄) ဒီဂရီ၊ အနက်(၆၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု မိုးဇလမှထုတ်ပြန်ထားပါသည်။



