ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း၊ ခန်းမဆောင် (၁) တွင် “အနုပညာဖြင့် လက်ကမ်းကူ (Art for Help)” အမည်ရ ပန်းချီအနုပညာပြပွဲကို ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှစတင်၍ ဒီဇင်ဘာ ၄ ရက်နေ့အထိ ကျင်းပလျက်ရှိသည်။ အဆိုပါပြပွဲသည် မယ်တော်ဆေးခန်း၏ ၃၆ နှစ်တာ လုပ်ငန်းဆောင်ရွက်မှုများအတွင်း လာရောက်လှူဒါန်းခဲ့သော ပန်းချီအနုပညာရှင်များ၏ ပန်းချီကားများကို အမှတ်တရပြသခြင်းဖြစ်ပြီး၊ ပြသထားသည့် သတ်မှတ်ပန်းချီကားများကို ဆေးခန်း၏ ရန်ပုံငွေအတွက် ရောင်းချပေးမည်ဖြစ်သည်။ ပန်းချီကားရောင်းချရာမှ ရရှိသည့် ရန်ပုံငွေအားလုံး (၁၀၀ ရာခိုင်နှုန်း) ကို မယ်တော်ဆေးခန်း၏ ရေရှည်ရပ်တည်ရေးနှင့် နယ်စပ်ဒေသတစ်လျှောက် အခြေခံကျန်းမာရေး၊ ပညာရေးနှင့် အကာအကွယ်ပေးရေး ပရဟိတလုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း မယ်တော်ဆေးခန်းတာဝန်ရှိသူက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ မယ်တော်ဆေးခန်း၏ ပရဟိတလုပ်ငန်းများအတွက် ရန်ပုံငွေရှာဖွေမည့် “အနုပညာဖြင့် လက်ကမ်းကူ” ပန်းချီပြပွဲ မဲဆောက်တွင် ကျင်းပ
Dec 02 • 2:18 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


