စင်ကာပူတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မူးယစ်ဆေးဝါးပြစ်မှု ကျူး လွန်ခဲ့သူသုံးဦးကို စင်ကာပူက ကြိုးမိန့်ပေးခဲ့ပြီး ယခုနှစ်တွင် သေဒဏ်စီရင်ခံရသူ ၁၇ ဦး ရှိလာခဲ့ရာ ၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် အများဆုံးဖြစ်ကြောင်း ဘီဘီစီသတင်းအရ သိရသည်။မူးယစ်ဆေးဝါးအမှုများအတွက် သေဒဏ်ပေးခြင်းအပေါ် အခြေခံဥပဒေဆိုင်ရာ စိန်ခေါ်မှုအား ကြားနာရန် သီတင်းတစ်ပတ်အလိုတွင် အထက်ပါ ကြိုးမိန့်စီရင်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။စင်ကာပူနိုင်ငံတွင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးနှင့်ပတ် သက်၍ အပြင်းထန်ဆုံး ဥပဒေများရှိပြီး အရှေ့ တောင်အာရှ၏ အခြားနေရာများတွင် အဓိကပြဿနာတစ်ရပ် ဖြစ်နေသော မူးယစ်ဆေးဝါးပြစ်မှုများကို တားဆီးရန် ထိုသို့ပြင်း ထန်သောဥပဒေလိုအပ်ကြောင်း ၎င်းတို့က ပြောကြားကြသည်။



