မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာအနီးတွင် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်က လမ်းလျှောက်လာသည့် ကျောင်းသားနှစ်ဦးကို ဝင်တိုက်ကာ မောင်းပြေးခဲ့သည့် ကားကို ယနေ့ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုကြောင့် ကျုံကကျေးရွာမှ ရဲထွဋ်ဇော်ဆိုသူ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ထွက်ပြေးသွားသောယာဉ်ကို စုံစမ်းရာ သထုံဘက်သို့ ဦးတည်သွားကြောင်း သတင်းရရှိခဲ့ပြီးနောက်၊ ကျိုက်ထိုမြို့၊ မရမ်းချောင် စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာသည့် ကွန်တိန်နာယာဉ်အမှတ် 7Q/3357 တွင် ယာဉ်တိုက်မှုကြောင့် အပျက်အစီးများ တွေ့ရှိရသဖြင့် ယာဉ်မောင်းဖြစ်သူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နေ အသက် ၄၆ နှစ်အရွယ် ဝင်းထွန်းဆိုသူအား ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Dec 02 • 2:16 AM
မြန်မာ
မွန်
မျှဝေမည်
| 18 | 0 | 0 | 0 |


