ရှမ်းပြည်နယ်၊ပန်ဆန်းနဲ့ မိုင်းပေါက်မြို့မှာ ဖဲရုံအများစု ရုတ်တရက်ပိတ်လိုက်တာကြောင့် ဖဲရုံကိုမှီခိုကာ စားသောက်လုပ်ကိုင်ကြတဲ့ ဝန်ထမ်းတွေ အခက်တွေ့ရတယ်လို့ "ဝ" လူငယ့်အသံရဲ့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။မိုင်းပေါက်မြို့တွင်းရှိ ဖဲရုံကြီး (၂)ခုကို မနေ့က နိုဝင်ဘာ ၃၀ ရက်၊ ညသန်းခေါင်း ပိတ်သိမ်းလိုက်ပြီး အလားတူ ဖဲရုံတွေမကြာခဏဆိုသလို ပိတ်သိမ်းတာတွေ ဖြစ်ပေါ်နေတယ်လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။အခုလို ဖဲရုံကုမ္ပဏီကြီးတွေ ရုတ်တရက်ထပိတ်လိုက်တာကြောင့် ကုမ္ပဏီကိုမှီခိုကာ လုပ်ကိုင်ရှာဖွေကြတဲ့ ဝန်ထမ်းတွေအတွက် အခက်တွေ့ရတယ်လို့ ၎င်းကဆက်ပြောပါတယ်။
Dec 02 • 2:16 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 21 | 0 | 0 | 0 |


