back

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် အဆင့်မြှင့်တင်ထားသော အာကာသပြတိုက် ဖွင့်လှစ်

Dec 02 • 2:15 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် အဆင့်မြှင့်တင်ထားသော အာကာသပြတိုက် ဖွင့်လှစ်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် ယခင်နက္ခတ်တာရာပြခန်းအား အဆင့်မြှင့်တင်ထားသည့် အာကာသပြတိုက် ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရ...

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် ယခင်နက္ခတ်တာရာပြခန်းအား အဆင့်မြှင့်တင်ထားသည့် အာကာသပြတိုက် ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားကို တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ သံအမတ်ကြီးများအပါအဝင် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ပြတိုက်အတွင်း၌ Deep Space Exploration ပြခန်း၊ Space Station ပြခန်းနှင့် နိုင်ငံတကာမှ လွှတ်တင်ခဲ့သည့် ဒုံးပျံများနှင့် အာကာသယာဉ်ပုံစံငယ်များ၊ ဂြိုဟ်တုပုံစံငယ်များအပါအဝင် အာကာသဆိုင်ရာ ဗဟုသုတအကြောင်းအရာများကို တစ်စုတစ်စည်းတည်း စူးစမ်းလေ့လာခွင့်ရနိုင်မည်ဖြစ်သည်။

news-view-count-icon

67