back

စစ်ကိုင်းတိုင်း၊ ကလေးတောင်ပိုင်းတွင် စပါးပေါက်စျေးကြောင့် လုပ်အားခမကာမိဘဲ တောင်သူများအရှုံးပေါ်

Dec 02 • 2:14 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ ကလေးတောင်ပိုင်းတွင် စပါးပေါက်စျေးကြောင့် လုပ်အားခမကာမိဘဲ တောင်သူများအရှုံးပေါ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ တောင်သူများအနေဖြင့် ယခုနှစ်စပါးပေါက်စျေးကြောင့် လုပ်အားခမကာမိဘဲ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။ကလေးတောင်ပိုင်းတွင် ...

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ တောင်သူများအနေဖြင့် ယခုနှစ်စပါးပေါက်စျေးကြောင့် လုပ်အားခမကာမိဘဲ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။ကလေးတောင်ပိုင်းတွင် ယခင်နှစ်က စပါးတစ်တင်းလျှင် ကျပ်နှစ်သောင်းနှုန်းပေါက်ခဲ့သော်လည်း ယခုနှစ်တွင်မူ စပါးတစ်တင်းလျှင် တစ်သောင်းနှစ်ထောင်ကျပ်နှုန်းသာ ပေါက်သောကြောင့် စပါးစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း ကလေးတောင်ပိုင်းထိုမာရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။" မြေသြဇာဖိုး၊ လယ်ဆင်းစရိတ်၊ လယ်သိမ်းစရိတ်နဲ့ မကာဘူး အနုတ်ပြနေကြတယ်။ စပါးစျေးမရှိလို့ ဒီဘက်တောင်သူတွေ အကြပ်အတည်းဖြစ်နေကြတယ် " ဟု ၎င်းကဆိုသည်။

news-view-count-icon

25