ပြည်တွင်းတွင် စျေးဆက်တိုက် အကျပြခဲ့သည့် မတ်ပဲသည် ယခုတစ်ပတ်မှာ တစ်တန်ကို ကျပ် ၁ သိန်းကျော် ဈေးပြန်တက်လာခဲ့ပြီး အိန္ဒိယဘက်မှ မတ်ပဲ ဝယ်လိုအား ရှိလာခြင်းနှင့် မတ်ပဲအဟောင်း လက်ကျန်ပမာဏ နည်းပါးသွားခြင်းတို့ကြောင့် ဈေးတက်လာခြင်းဖြစ်ကြောင်း သိရသည်။ မတ်ပဲ FAQ ၏ FOB ဈေးနှုန်းလည်း တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၉၀ မှ ၇၀၀ အတွင်း ရှိလာခဲ့သည်။ အရင်တစ်ပတ်က မတ်ပဲ FAQ တစ်တန်ကို အမြင့်ဆုံး ကျပ် ၂,၆၃၀,၀၀၀ ဝန်းကျင်သာ ရှိခဲ့ပြီး တက်လာတာဖြစ်ပါသည်။
| 43 | 0 | 0 | 0 |


