ပေကျင်းမြို့ရှိ မဟာတံတိုင်းကြီး အပိုင်းများ၏ အမွေအနှစ်များကို ကာကွယ်ခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် အကျိုးရှိစွာ အသုံးချခြင်းတို့အတွက် ဥပဒေပြုရေးစံနှုန်းများ ထောက်ပံ့နိုင်ရန် ပေကျင်းမဟာတံတိုင်းကြီး ကာကွယ်မှုစည်းမျဉ်းအသစ်များကို နိုဝင်ဘာလ ၂၉ ရက်နေ့က အတည်ပြုလိုက်ကြောင်း သိရသည်။ ပေကျင်းမြူနီစီပယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီက အတည်ပြုလိုက်သည့် အဆိုပါစည်းမျဉ်းများသည် ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စတင်သက်ရောက်မည်ဖြစ်ပြီး မဟာတံတိုင်းကြီး၊ ဆက်စပ်နေသည့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် အနီးပတ်ဝန်းကျင်ဒေသများအထိပါ အကျိုးသက်ရောက်မှု နယ်ပယ်ကို သတ်မှတ်ထားသည်။ ဤစည်းမျဉ်းသည် ယခုနှစ် မတ် ၁ ရက်တွင် စတင်သက်ရောက်ခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ခြင်း ဥပဒေပြင်ဆင်ချက်နောက်ပိုင်း တရုတ်နိုင်ငံ မဟာတံတိုင်းကြီး ကာကွယ်ထိန်းသိမ်းမှုများအတွက် သီးသန့်ပြဋ္ဌာန်းလိုက်သည့် ပထမဆုံးစည်းမျဉ်းဖြစ်သည်။ ပေကျင်းရှိ မဟာတံတိုင်းကြီးသည် ခရိုင် ၆ ခုကို ဖြတ်သန်းတည်ရှိပြီး ၅၂၀.၇၇ ကီလိုမီတာ ရှည်လျားကာ အပိုင်းပေါင်း ၄၆၁ ပိုင်း ပါဝင်ကြောင်း သိရသည်။
Dec 02 • 2:12 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


