back

ရွာငံမြို့ကျေးရွာများတွင် ကံစမ်းမဲတစ်လိပ်အား ၂ သိန်းခွဲဖြင့်ခြိမ်းခြောက်ငွေညစ်နေ

Dec 02 • 2:12 AM

breaking-news

မြန်မာ

ရှမ်း

cover

ရွာငံမြို့ကျေးရွာများတွင် ကံစမ်းမဲတစ်လိပ်အား ၂ သိန်းခွဲဖြင့်ခြိမ်းခြောက်ငွေညစ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ သိမ်ကုန်းကျေးရွာအုပ်စုနှင့် ကျောက်မြောင်းကျေးရွာအုပ်စု များကို ပြီးခဲ့သည့် နိုဝင်ဘာလ (၂၇)ရက်နေ့မှစ၍ ရွာထဲရှိ နေအိမ်မျာ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ သိမ်ကုန်းကျေးရွာအုပ်စုနှင့် ကျောက်မြောင်းကျေးရွာအုပ်စု များကို ပြီးခဲ့သည့် နိုဝင်ဘာလ (၂၇)ရက်နေ့မှစ၍ ရွာထဲရှိ နေအိမ်များကို တစ်အိမ်ဝင်တစ်အိမ်ထွက် အုပ်စုလိုက် ကံစမ်းမဲလိပ်များကို (၂)သိန်းခွဲကျပ်ဖြင့် လိုက်လံ ခြိမ်းခြောက်ကာ ငွေညစ်တောင်းနေကြောင်းသိရပါသည်။"ကားတစ်စီးက ဝင်လာပြီးတော့ မဲနှိုက်မလား မဲတွေ ထဲမှဆို ဆိုင်ကယ်တွေကားတွေရေခဲသေတ္တာတို့ပါတယ်။ နှိုက်ကြည့်ပါလားဦးလေးဆိုပြီးစည်းရုံးတယ်။ ဒီတိုင်းနှိုက်ရုံပဲလားဆို နှိုက်ရုံပဲတဲ့၊ အဲ့တော့ ခါးပတ်ပေါက်တယ်။အဲဒါကြီး ကောဆိုတော့ ဟုတယ်တဲ့ မဲတစ်လိပ်ကို နှစ်သိန်းခွဲ ပေးရမယ်တဲ့ မပေးလို့ချင်ရင် ဘာလုပ်မယ် ညာလုပ်မယ် ဆိုပြီးခြိမ်းခြောက်တာနဲ့ ပေးလိုက်ရတယ်။တစ်ယောက်ထဲဆိုတော့ ခရမ်းချဉ် စိုက်ဖို့အတွက် ယူလာတဲ့ပိုက်ဆံကနေနှစ်သိန်းခွဲ ပေးလိုက်ရတယ်"ကိုယ်တိုင်းကြုံတွေ့သူက ပြောသည်။၎င်းတို့သည် ကံစမ်းမဲများ နှိပ်ခိုင်းပြီးနောက် ငွေကျပ် (၂) သိန်းခွဲကို အတင်းအဓမ္မ တောင်းခံ ကြောင်းသိရပါသည်။ထို့ပြင် ယင်းလူလိမ်အုပ်စုများသည် ရွာထဲရှိသက်ကြီးရွာ်ဦးအိမ်များနှင့် တစ်ဦးထဲ ရှိချိန်တွင်လည်း တို့ဆေးအသုံးပြု၍ ငွေများ လိမ်ယူခံ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရကြောင်းလည်းသိရပါသည်။

news-view-count-icon

24