back

ပြည်သူချစ်တဲ့ မင်းသမီးလေးကို ဂျပန်ထီးနန်း ဆက်ခံခွင့်ပြုဖို့ တိုက်တွန်းမှုတွေ မြင့်တက်လာနေ

Dec 02 • 2:09 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ပြည်သူချစ်တဲ့ မင်းသမီးလေးကို ဂျပန်ထီးနန်း ဆက်ခံခွင့်ပြုဖို့ တိုက်တွန်းမှုတွေ မြင့်တက်လာနေ

ဂျပန် ပြည်သူတွေရဲ့ လေးစားချစ်ခင်မှုကို ခံရတဲ့ မင်းသမီးလေး အိုင်ကိုကြောင့် နှစ်ပေါင်းရာနဲ့ချီ တည်တံ့ခဲ့တဲ့ ထီးနန်းဆက်ခံရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို...

ဂျပန် ပြည်သူတွေရဲ့ လေးစားချစ်ခင်မှုကို ခံရတဲ့ မင်းသမီးလေး အိုင်ကိုကြောင့် နှစ်ပေါင်းရာနဲ့ချီ တည်တံ့ခဲ့တဲ့ ထီးနန်းဆက်ခံရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်လာပါတယ်။ဂျပန်မှာ အမျိုးသားတွေသာ ထီးမွေနန်းလျာ ဆက်ခံခွင့် ရှိတာကြောင့် ဂျပန် ဧကရာဇ် နာရူဟီတိုနဲ့ မိဖုရားကြီး မာဆာကိုတို့ရဲ့ တစ်ဦးတည်းသော သမီးလေးဟာ ထီးနန်းစိုးစံခွင့် မရှိပါဘူး။ ဒါပေမဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ အသက် ၂၄ နှစ်ပြည့်တဲ့ မင်းသမီးလေးကို ပြည်သူတွေက ချစ်ခင်ကြပြီး လူထုကြားမှာလည်း ရေပန်းစားတာကြောင့် ဂျပန်ရဲ့ ထီးနန်းဆက်ခံမှု စည်းမျဉ်းတွေကို ပြောင်းလဲဖို့ တိုက်တွန်းသံတွေ ကျယ်လောင်လာတာ ဖြစ်ပါတယ်။မကြာသေးခင်က ဧကရာဇ်နဲ့ မိဖုရားကြီးတို့ဟာ နာဂါဆာကီဆီ အလည်အပတ် သွားရောက်ခဲ့ချိန်မှာ ပြည်သူတွေက သူတို့နှစ်ဦးရဲ့ နာမည်တွေအပြင် အိုင်တိုရဲ့ နာမည်ကိုပါ ဟစ်ကြွေးရင်း ကောင်းချီးပေးခဲ့ကြပါတယ်။ အိုင်တိုကို ချစ်ခင်ကြတဲ့ ပြည်သူ အများအပြားက အနာဂတ်မှာ ဂျပန်ရဲ့ ဧကရီ ဘုရင်မအဖြစ် ထီးနန်း စိုးစံခွင့် ရစေလိုကြောင်း ထောက်ခံပြီး လက်ရှိ စည်းမျဉ်းတွေကို ပြောင်းလဲဖို့ လိုလား အကြံပြုနေကြတာ ဖြစ်ပါတယ်။

news-view-count-icon

26