မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ၁၈ ကြိမ်မြောက် ပန်းပွဲတော်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ဥယျာဉ်တာဝန်ခံ ဦးဝေမျိုးအောင်က ပြောသည်။ ယင်းပွဲတော်ကို ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားကန်တော်ကြီးဥယျာဉ်ကို ထိန်းသိမ်းထားမှု မြှင့်တင်ရေး၊ ဒေသစီးပွားရေးနှင့် eco-tourism ကို အထောက်အကူပြုရန်နှင့် ပန်းမန်စိုက်ပျိုးထုတ်လုပ်သည့် ကဏ္ဍကို အထောက်အကူပြုရန်ဟူသော ရည်ရွယ်ချက် ၄ ရပ်ဖြင့် နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။ ပွဲတော်၌ ပြည်တွင်းမှ ပန်း ၃ သိန်းခန့်နှင့် ပြည်ပမှ တင်သွင်းသည့် ပန်း ၆ သောင်းခန့်ကို ပြသသွားမည်ဖြစ်ပြီး၊ ဓာတ်ပုံရိုက်ကူးရန်အတွက် 3D ဒီဇိုင်းများ ပြင်ဆင်ထားသည့်အပြင်၊ တေးဂီတဖျော်ဖြေပွဲများ၊ ဒေသထွက်ကုန်နှင့် စားသောက်ဆိုင်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Dec 02 • 2:09 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 31 | 0 | 0 | 0 |


