ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အတွက် ကြိုတင်မဲဆန္ဒပေးခြင်း ပထမနေ့ကို ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့တွင် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ နံနက် ၉:၃၀ မှ ညနေ ၄:၃၀ အထိ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ကြိုတင်မဲပေးခြင်းကို ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်နေ့အထိ (၄) ရက်တိုင် ချင်းမိုင်မြို့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များတွင်လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး (ဘန်ကောက်မြို့)၌ ထိုင်းရောက်မြန်မာများ ကြိုတင်မဲပေးနိုင်မည်ဖြစ်ပြီး၊ လာရောက်မဲပေးသူများသည် နိုင်ငံသားစိစစ်ရေးကတ် မူရင်း/မိတ္တူနှင့် နိုင်ငံကူးလက်မှတ်မူရင်းတို့ကို ယူဆောင်လာရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ဖော်ပြထားသည်။
ထိုင်းမြောက်ပိုင်းရှိ မြန်မာနိုင်ငံသားများအတွက် အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲပေးခြင်း ချင်းမိုင်မြို့တွင် စတင်
Dec 02 • 2:08 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


