back

ထိုင်း နိုင်ငံက ဆိုင်တွေမှာ တွေ့ရတဲ့ Maneki Neko (လာဘ်ကောင်ကြောင်ရုပ်)လေးများ

Dec 02 • 2:06 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း နိုင်ငံက ဆိုင်တွေမှာ တွေ့ရတဲ့ Maneki Neko (လာဘ်ကောင်ကြောင်ရုပ်)လေးများ

ဘန်ကောက်နဲ့ ထိုင်းနိုင်ငံအနှံ့က ဆိုင်တွေမှာ လက်ယပ်ခေါ်နေတဲ့ ကြောင်ရုပ်လေးတွေကို တွေ့ဖူးကြမှာပါ။ အဲဒီအရုပ်လေးတွေကို Maneki-neko (Lucky Cat) လို့ခေါ်ပြီး လူတွေထင်...

ဘန်ကောက်နဲ့ ထိုင်းနိုင်ငံအနှံ့က ဆိုင်တွေမှာ လက်ယပ်ခေါ်နေတဲ့ ကြောင်ရုပ်လေးတွေကို တွေ့ဖူးကြမှာပါ။ အဲဒီအရုပ်လေးတွေကို Maneki-neko (Lucky Cat) လို့ခေါ်ပြီး လူတွေထင်နေကြသလို တရုတ်ကလာတာမဟုတ်ဘဲ ဂျပန်က စတင်လာတာ ဖြစ်ပါတယ်။ Maneki-neko ဆိုတာ "လက်ယပ်ခေါ်တဲ့ကြောင်" လို့ အဓိပ္ပာယ်ရပြီး လက်ပြနေတာမဟုတ်ဘဲ ဂျပန်ရိုးရာအရ လူတွေကို လှမ်းခေါ်တဲ့ ပုံစံဖြစ်ပါတယ်။ဒီကြောင်ရုပ်လေးတွေရဲ့ သမိုင်းကြောင်းက ၁၇ ရာစုလောက်ကတည်းက ရှိခဲ့တာပါ။ တိုကျိုမြို့က Gōtoku-ji ဘုရားကျောင်းမှာ မိုးကြိုးပစ်မယ့်ဘေးကနေ လက်ယပ်ခေါ်ပြီး ကယ်တင်ခဲ့တဲ့ Tama ဆိုတဲ့ ကြောင်လေးပုံပြင်က အထင်ရှားဆုံး ဖြစ်ပါတယ်။ နောက်ထပ် ဇာတ်လမ်းတစ်ခုကတော့ ဆင်းရဲတဲ့ အဘွားအိုတစ်ဦးဟာ အိပ်မက်ထဲကအတိုင်း ကြောင်ရုပ်လေးတွေလုပ်ရောင်းပြီး ချမ်းသာလာတယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ထိုင်းနိုင်ငံကို ဘယ်လိုရောက်လာလဲ မသိရပေမယ့် ကံကောင်းစေတဲ့ အဆောင်ပစ္စည်းတွေကို နှစ်သက်တဲ့ ထိုင်းလူမျိုးတွေရဲ့ ဓလေ့နဲ့ ကိုက်ညီတာကြောင့် နေရာအနှံ့မှာ တွေ့လာရတာ ဖြစ်ပါသည်။

news-view-count-icon

22