back

ညောင်ရွှေ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ကေတီဗီကြွေး အိမ်အထိလိုက်တောင်းခံရ

Dec 02 • 2:04 AM

breaking-news

မြန်မာ

ရှမ်း

cover

ညောင်ရွှေ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ကေတီဗီကြွေး အိမ်အထိလိုက်တောင်းခံရ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်ကျေးရွာ အမှတ် (၁) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ပြည့်စုံဝင်းဆိုသူက ကေတီဗီတွင် ဘောက်ချာပေါ် တံဆိပ်တုံးနှိပ်ပြီး အကြ...

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်ကျေးရွာ အမှတ် (၁) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ပြည့်စုံဝင်းဆိုသူက ကေတီဗီတွင် ဘောက်ချာပေါ် တံဆိပ်တုံးနှိပ်ပြီး အကြွေးမှတ်ခဲ့သဖြင့် ကေတီဗီမှ မိန်းကလေးများက အိမ်အထိ လိုက်တောင်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။၎င်းသည် ပြီးခဲ့သည့်ရက်ပိုင်းက အေးသာယာမြို့ပေါ်ရှိ ကေတီဗွီတစ်ခုတွင် သွားရောက်ပျော်ပါးပြီး ပိုက်ဆံမလောက်၍ အုပ်ချုပ်ရေးမှူး စည်းတံဆိပ်ဖြင့် အကြွေးမှတ်ထားခဲ့ရာ နောက်ရက်တွင် မိန်းကလေး ၃ ဦးက ဘောက်ချာဖြင့် ၎င်းအိမ်သို့ လာရောက်တောင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ယင်းကိစ္စများအပေါ် ထွေ/အုပ်ရုံးသို့ တိုင်ကြားထားသော်လည်း ယခုအထိ ထိရောက်သည့် ဖြေရှင်းမှုမရှိသဖြင့် မကျေနပ်ကြောင်း ရွာခံများက ဆိုသည်။

news-view-count-icon

27