back

တုတ်ထောက်ခုန်အားကစားသမား ဒူပလန်တစ် ကမ္ဘာ့ပြေးခုန်ပစ် တစ်နှစ်တာ အကောင်းဆုံးဆု ရရှိ

Dec 02 • 2:04 AM

breaking-news

မြန်မာ

ပြည်ပ

cover

တုတ်ထောက်ခုန်အားကစားသမား ဒူပလန်တစ် ကမ္ဘာ့ပြေးခုန်ပစ် တစ်နှစ်တာ အကောင်းဆုံးဆု ရရှိ

ဆွီဒင်နိုင်ငံသား တုတ်ထောက်ခုန် အားကစားသမား ဒူပလန်တစ်သည် ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်က ပေးအပ်သည့် တစ်နှစ်တာ အကောင်းဆုံး ပြေးခုန်ပစ်အားကစားသမားဆုကို ရရှိသွားကြောင်...

ဆွီဒင်နိုင်ငံသား တုတ်ထောက်ခုန် အားကစားသမား ဒူပလန်တစ်သည် ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်က ပေးအပ်သည့် တစ်နှစ်တာ အကောင်းဆုံး ပြေးခုန်ပစ်အားကစားသမားဆုကို ရရှိသွားကြောင်း သိရသည်။ ၎င်းသည် စက်တင်ဘာလက တိုကျိုမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ပြေးခုန်ပစ် ချန်ပီယံရှစ်ပြိုင်ပွဲ၏ တုတ်ထောက်ခုန်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့သည့်အပြင်၊ လွန်ခဲ့သောတစ်လခန့်ကမှလည်း ဥရောပတစ်နှစ်တာအကောင်းဆုံးဆုကို ရရှိထားသည်။ ဒူပလန်တစ်၏ ၂၀၂၆ ခုနှစ်အတွက် ရည်မှန်းချက်မှာ ဩဂုတ်လတွင် ကျင်းပမည့် ဥရောပပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် သူတင်ထားသည့် ကမ္ဘာ့စံချိန်ကို ချိုးဖျက်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အမျိုးသမီးတစ်နှစ်တာအကောင်းဆုံးဆုကိုတော့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၏ မီတာ ၄၀၀ နှင့် မီတာ ၄၀၀ တန်းကျော်ပြေးပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သော အမေရိကန်အပြေးမယ် လီဗရိုနီက ရရှိခဲ့ပြီး၊ သူမသည် မီတာ ၄၀၀ ပြေးပွဲတွင် ၄၇.၇၈ စက္ကန့်ဖြင့် ၄၂ နှစ်ကြာ တည်ရှိခဲ့သည့် ပြိုင်ပွဲစံချိန်ဟောင်းကို ချိုးဖျက်ကာ စံချိန်သစ်တင်နိုင်ခဲ့သည်။

news-view-count-icon

31