back

ကျောက်မဲမြို့နယ်၌ အွန်လိုင်းလောင်းကစားလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၈ ဦးကို ဖမ်းဆီးရမိ

Dec 02 • 2:03 AM

breaking-news

မြန်မာ

ရှမ်း

cover

ကျောက်မဲမြို့နယ်၌ အွန်လိုင်းလောင်းကစားလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၈ ဦးကို ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ တောင်ထိပ်ကျေးရွာနှင့် ဒုဋ္ဌဝတီမြစ်အနီးတွင် အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသ...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ တောင်ထိပ်ကျေးရွာနှင့် ဒုဋ္ဌဝတီမြစ်အနီးတွင် အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၈ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဇင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၃၀ ရက်က မသင်္ကာဖွယ်ရာ အဆောက်အအုံများကို ဝင်ရောက်စစ်ဆေးရာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်နေသည့်နေရာဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး ကွန်ပျူတာ အလုံး ၃၀၊ STAR LINK ဗန်း ၁၀ ခု အပါအဝင် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တို့တွင် တောင်ထိပ်ကျေးရွာနှင့် ပုံဝိုးကျေးရွာအနီးမှ တရုတ်နိုင်ငံသား ၂၈ ဦးကို အသီးသီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ သိမ်းဆည်းရမိသည့် ဆက်စပ်ပစ္စည်းများနှင့် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဖမ်းဆီးရမိသူများကို တရားဥပဒေနှင့်အညီ အရေးယူခြင်းနှင့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

news-view-count-icon

22