မြန်မာနိုင်ငံ၏ ငလျင်အန္တရာယ်စီမံခန့်ခွဲမှုနှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေး (Business Continuity) ကို ခိုင်မာအားကောင်းစေရန်အတွက် KBZMS General Insurance နှင့် InterRisk Asia (Thailand) တို့ ပူးပေါင်း၍ “Earthquake Risk Management & Business Continuity in Myanmar Seminar” ကို ယနေ့ ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်၌ ကျင်းပခဲ့သည်။ဆွေးနွေးပွဲတွင် KBZMS ၏ CEO ဦးလူမွန်အောင်က မန္တလေးငလျင်ကြီးကြောင့် နိုင်ငံအနှံ့ အသိပညာမြှင့်တင်ရန်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ STATEMENT Architecture + Design တည်ထောင်သူ ဒေါ်ချောကလျာကလည်း ဘေးအန္တရာယ်ခံနိုင်ရည်ရှိမှုသည် ကျေးလက်ဒေသရှိ အိမ်ထောင်စုတိုင်းထံ ရောက်ရှိရန်နှင့် ဆောက်လုပ်ရေးလမ်းညွှန်ချက်များ ရေးဆွဲရန် လိုအပ်မှုကို ထောက်ပြခဲ့သည်။ ဆွေးနွေးပွဲ၌ မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်မှုများ၊ ငလျင်အန္တရာယ်ဖြစ်နိုင်ခြေပုံစံများနှင့် ကာကွယ်တားဆီးရေးနည်းလမ်းများအပါအဝင် ဘဏ္ဍာရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်က နိုင်ငံတော်အဆင့် ပြင်ဆင်ထားရန် လိုအပ်မှုများကိုပါ အလေးပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
KBZMS နှင့် InterRisk Asia တို့ ပူးပေါင်းကာ မြန်မာနိုင်ငံ၏ ငလျင်အန္တရာယ်စီမံခန့်ခွဲမှုဆွေးနွေးပွဲ ကျင်းပ
Dec 02 • 2:01 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


