back

တရုတ်နိုင်ငံသားများကို ရုရှားတွင် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် ပူတင် အတည်ပြု

Dec 02 • 2:00 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံသားများကို ရုရှားတွင် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် ပူတင် အတည်ပြု

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ခရီးသွားများ၊ စီးပွားရေးသမားများနှင့် ပညာရှင်များအပါအဝင် တရုတ်နိုင်ငံသား ခရီးသွားများစွာကို ရုရှားနိုင်ငံတွင် ရက်ပေါင်း ၃၀ အထိ ဗီဇာ...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ခရီးသွားများ၊ စီးပွားရေးသမားများနှင့် ပညာရှင်များအပါအဝင် တရုတ်နိုင်ငံသား ခရီးသွားများစွာကို ရုရှားနိုင်ငံတွင် ရက်ပေါင်း ၃၀ အထိ ဗီဇာမလိုဘဲ ဝင်ရောက်နေထိုင်ခွင့်ပြုသည့် အတည်ပြု ဒီကရီအမိန့်တစ်ရပ်ကို တနင်္လာနေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။ပူတင်၏ အမိန့်ထုတ်ပြန်ချက်အရ ယင်းဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံသားများအတွက် တရုတ်နိုင်ငံသို့ ဗီဇာကင်းလွတ် ဝင်ရောက်ခွင့်ပြုခဲ့သည့် ပေကျင်း၏ လုပ်ရပ်ကို ရေရှည်ထင်ဟပ်ခြင်းဖြစ်ပြီး၊ ရုရှား၏ စည်းမျဉ်းသစ်သည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အထိ အာဏာသက်ရောက်မည်ဖြစ်သည်။ ဤစည်းမျဉ်းသစ်များသည် ရွှေ့ပြောင်းလုပ်သားများ၊ နှစ်ရှည်ကျောင်းသားများ သို့မဟုတ် သယ်ယူပို့ဆောင်ရေးကဏ္ဍမှ အလုပ်သမားများကိုမူ အကျုံးမဝင်ကြောင်း သိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သာမန်ရုရှားနိုင်ငံသား ပတ်စ်ပို့ ကိုင်ဆောင်သူများကို တရုတ်နိုင်ငံသို့ ရက် ၃၀ ဗီဇာကင်းလွတ်နေထိုင်ခွင့်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ တစ်နှစ်ကြာ ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။

news-view-count-icon

14