၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ကနူး/ကယက်လှေလှော်အသင်းသည် ယနေ့ ဒီဇင်ဘာ ၁ ရက် နံနက် ၇ နာရီ ၂၅ မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် မြန်မာ့ကနူး/ကယက်လှေလှော်အသင်းသည် အုပ်ချုပ်/နည်းပြ ၃ ဦး၊ အမျိုးသားအားကစားသမား ၁၂ ဦးနှင့် အမျိုးသမီးအားကစားသမား ၅ ဦး စုစုပေါင်း ၂၀ ဦးဖြင့် ပါဝင်မည်ဖြစ်သည်။ ၎င်းတို့သည် ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့၌ ကျင်းပမည့် ကနူး/ကယက်ပြိုင်ပွဲ၏ မီတာ ၂၀၀ နှင့် မီတာ ၅၀၀ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Dec 02 • 1:59 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


