မြန်မာနိုင်ငံတွင် ပြည်သူများ ခံစားနေရသည့် လက်တွေ့ဘဝအခြေအနေများကို ထင်ဟပ်စေမည့် DVB Peacock Film Festival ပွဲတော်ကိုDVB မှ ဦးစီးကာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်တွင် ဒီဇင်ဘာ ၈ ရက်မှစ၍ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ "Giving Voice to the Voiceless" ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် အဆိုပါပွဲတော်တွင် ပြည်သူပြည်သား သတင်းသမားများ ရိုက်ကူးထားသော Ci Shots 2025 ရုပ်သံဆောင်းပါးအပါအဝင် ရုပ်ရှင်ကားပေါင်း ၃၀ ကျော်ကို ပြသသွားမည်ဖြစ်ပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ဘေးရှောင်များ၏ ဘဝဒုက္ခများနှင့် ပဋိပက္ခဒဏ်ခံရသည့် လူမှုအသိုက်အဝန်း၏ ကြံ့ခိုင်မှုစသည့် အကြောင်းအရာများကို အဓိကထား ရိုက်ကူးထားသည်။ ရုပ်ရှင်ပွဲတော်ကို ဝင်ကြေးသတ်မှတ်ထားခြင်းမရှိဘဲ အခမဲ့ တက်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး၊ မြန်မာပြည်သူများ၏ အသံကို ကမ္ဘာတစ်ဝှမ်း ကြားနိုင်သည်အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း ပွဲစီစဉ်သူက ပြောသည်။

Dec 02 • 1:58 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 42 | 0 | 0 | 0 |


