back

ထိုင်ဝမ်အရေး နောက်ထပ်အမှားတစ်ခုမှသည် တရုတ်နှင့် ဂျပန် စစ်ပွဲမှတစ်ဆင့် တတိယကမ္ဘာစစ်ဖြစ်လာနိုင်ကြောင်း သုံးသပ်

Dec 02 • 1:56 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ထိုင်ဝမ်အရေး နောက်ထပ်အမှားတစ်ခုမှသည် တရုတ်နှင့် ဂျပန် စစ်ပွဲမှတစ်ဆင့် တတိယကမ္ဘာစစ်ဖြစ်လာနိုင်ကြောင်း သုံးသပ်

ဂျပန်နိုင်ငံ၏ အမျိုးသမီးဝန်ကြီးချုပ် တာကာအိချိက ထိုင်ဝမ်ကို တရုတ်ကျူးကျော်သိမ်းပိုက်လျှင် စစ်ရေးအရ ရပ်တည်ရမည်ဟု ပြောဆိုခဲ့ပြီးနောက်၊ သမိုင်းကြွေးကြီးခဲ့သည့် တရု...

ဂျပန်နိုင်ငံ၏ အမျိုးသမီးဝန်ကြီးချုပ် တာကာအိချိက ထိုင်ဝမ်ကို တရုတ်ကျူးကျော်သိမ်းပိုက်လျှင် စစ်ရေးအရ ရပ်တည်ရမည်ဟု ပြောဆိုခဲ့ပြီးနောက်၊ သမိုင်းကြွေးကြီးခဲ့သည့် တရုတ်နှင့် ဂျပန်တို့ စစ်မက်ဖြစ်ပွားခြင်းမှသည် တတိယကမ္ဘာစစ်ကြီး စတင်သွားနိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။ တာကာအိချိ၏ ပြောစကားကို တရုတ်အစိုးရက ပြင်းထန်စွာ တုံ့ပြန်ခဲ့ပြီး၊ ထိုင်ဝမ်သည် မိမိတို့၏ အချုပ်အခြာအာဏာပိုင်ကျွန်းဖြစ်သောကြောင့် စစ်ရေးအရ သိမ်းပိုက်ရန် အသင့်ရှိကြောင်းနှင့် ကမ္ဘာစစ်ဖြစ်ရန်လည်း အသင့်အနေအထားရှိကြောင်း တုံ့ပြန်ခဲ့သည်။လက်ရှိအခြေအနေတွင် တရုတ်ဘက်က ဂျပန်သံအမတ်ကို ခေါ်ယူတွေ့ဆုံ သတိပေးခြင်း၊ နိုင်ငံသားများ ဂျပန်သို့ မသွားရန် သတိပေးအမိန့်ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ ဂျပန်ဘက်ကလည်း ထိုင်ဝမ်နှင့် အနီးဆုံး ယိုနာဂူနီကျွန်းသို့ မဟာဗျူဟာ ဒုံးကျည်များအား ကနဦးအစီအစဉ်ထက် စော၍ ပို့ဆောင်ရန် လုပ်ဆောင်နေသည်။

news-view-count-icon

13