စေတနာ့ဝန်ထမ်းဖြစ်သူ ကိုဘုန်းမြတ်ကိုကိုသည် နိုဝင်ဘာလ ၂၉ရက်တွင် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသသို့ ရုပ်အလောင်း သွားရောက်ပို့ဆောင်ပြီးအပြန်တွင် ကျောက်ကညာနှင့် ညင်းထွေးကျေးရွာကြားရှိ လမ်းပိုင်းတစ်နေရာ၌ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ် ဆောင်ခဲ့သည်။ ယင်းသို့ဖမ်းဆီးခံရပြီးနောက် ပရဟိတ အသင်းသူ၊ အသင်းသားအချို့နှင့် မိသားစုဝင်များက ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများတွင် အရေးပေါ်လူနာများကို သွားရောက်ကူညီသယ်ဆောင်ရန် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း အသင်းမှ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။ ထို့ကြောင့် အသင်း၏ ကူညီမှုများကို ရပ်နားထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကိုဘုန်းမြတ်ကိုကို ဖမ်းဆီးခံရသည်မှာ သုံးရက်မြောက်ရှိလာပြီဖြစ်ပြီး မည်သည့် လက်နက်ကိုင်အဖွဲ့က မည်သည့် အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်တို့ကို မသိရသေးကြောင်း အသင်းထံမှ သိရသည်။



