back

❝ရမည်းသင်းထောင်မှာ ဖောက်ခွဲပုဒ်မအပါအဝင် ပုဒ်မနှစ်ခုနဲ့ အကျဥ်းကျခံနေရတဲ့ လူငယ် ၃ ဦး ၅၀၅-က လွတ်ငြိမ်းခွင့်အရ လွတ်မြောက်လာ❞

Dec 01 • 4:36 PM

breaking-news

မြန်မာ

မန္တလေး

cover

❝ရမည်းသင်းထောင်မှာ ဖောက်ခွဲပုဒ်မအပါအဝင် ပုဒ်မနှစ်ခုနဲ့ အကျဥ်းကျခံနေရတဲ့ လူငယ် ၃ ဦး ၅၀၅-က လွတ်ငြိမ်းခွင့်အရ လွတ်မြောက်လာ❞

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ရမည်းသင်းအကျဥ်းထောင်မှာ ဖောက်ခွဲပုဒ်မအပါအဝင် ပုဒ်မနှစ်ခုနဲ့ အကျဥ်းကျခံနေရတဲ့ လူငယ် ၃ ဦးတို့ဟာ ၅၀၅-က လွတ်ငြိမ်းခွင့်အရ ပြစ...

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ရမည်းသင်းအကျဥ်းထောင်မှာ ဖောက်ခွဲပုဒ်မအပါအဝင် ပုဒ်မနှစ်ခုနဲ့ အကျဥ်းကျခံနေရတဲ့ လူငယ် ၃ ဦးတို့ဟာ ၅၀၅-က လွတ်ငြိမ်းခွင့်အရ ပြစ်ဒဏ်ဆက်လက်ကျခံဖို့ မလိုတော့တာကြောင့် ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။အဲဒီလူငယ် ၃ ဦးက မြတ်မင်းသူ၊ ခန့်မင်းကိုနဲ့ သွင်ကိုကိုဇော်တို့ဖြစ်ကြတယ်လို့ သိရပြီး သူတို့ဟာ ၂၀၂၁ ခုနှစ်က ပျဥ်းမနားမြို့ သကြားစက်သပိတ်ကနေ ဖမ်းဆီး ထိမ်းသိမ်းခံရပြီးနောက် ဖောက်ခွဲပုဒ်မ ၅ အတွက် ထောင်ဒဏ် ၅ နှစ်နဲ့ ၅၀၅ -က အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရတာလို့ ဆိုပါတယ်။ဒါပေမယ့်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ က ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေတဲ့သူတွေကို ပြစ်ဒဏ်တွေအပေါ် လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တာကြောင့် ၎င်းတို့ ၃ ဦးဟာ ၅၀၅-က အတွက် ပြစ်ဒဏ်ကျခံစရာမလို့တော့ဘဲ လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။




news-view-count-icon

27