မန္တလေးတိုင်း အိုးဘိုးထောင်ထဲမှာ ပုဒ်မ ၅၂(က) နဲ့ ဖမ်းဆီးခံထားရသူတွေထဲက အမျိုးသား ၄၀ ဦးနဲ့ အမျိုးသမီး ၇ ဦး၊ မြင်းခြံထောင်က ၂၄ ဦးနဲ့ ကလေးထောင်က ၁၁ ဦးကို လွတ်ငြိမ်းပေးခဲ့တာဖြစ်တယ်လို့ ကနဦး စုံစမ်းမှုတွေအရ သိရပါတယ်။စစ်အုပ်စု ပြန်လွှတ်ပေးတဲ့ မြင်းခြံထောင်က ၂၄ ဦးထဲက မပိုးသီရိခိုင်၊ မမြတ်နိုးခင်နဲ့ ကိုသက်တို့ ပြန်အဖမ်းခံထားရတယ်လို့လည်း သူက ဆက်ပြောပါတယ်။ လက်ရှိ လွတ်မြောက်လာသူအများစုဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အစောပိုင်းကာလမှာ ဖမ်းဆီးခံထားရသူတွေ ဖြစ်ပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရသူတွေဖြစ်ကာ လွတ်ရက်စေ့နီးနေသူတွေ လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရပြီး တရားရင်ဆိုင်နေရသူတွေနဲ့ တိမ်းရှောင်နေသူ ၅၂၆၈ ဦးကိုတော့ အမှု ရုပ်သိမ်းပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။ စစ်အုပ်စုက သူတို့ လွတ်ငြိမ်းပေးခဲ့သူတွေ နဲ့ပတ်သက်ပြီး လာမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် လွတ်ငြိမ်းသက်သာခွင့်ပေးနဲ့ အမှု ရုပ်သိမ်းပေးလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ လွတ်မြောက်လာသူအများစုဟာ လွတ်ရက်စေ့ နီးသူတွေ ဖြစ်တယ်လို့ သိရပါတယ်။



