မြန်မာအလုပ်သမား (၁၀) ဦးသည် ဘန်ကောက်မြို့၊ ဖလန်ဆောင်နယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ၃ လကျော်အကြာ အလုပ်လုပ်ကိုင်ပေးခဲ့ကြသော်လည်း ထိုင်းအလုပ်ရှင်က "တိုင်ချင်ရာတိုင်" ဟုပြောဆိုပြီး ၎င်းတို့ရရှိမည့် လုပ်ခလစာ ဘတ် (၂) သိန်းကျော်အား ပေးချေခဲ့ခြင်းမရှိကြောင်း သိရသည်။ထို့ကြောင့် နစ်နာသူ မြန်မာအလုပ်သမားများက ၎င်းတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးပါရန် ထိုင်းရောက် မြန်မာလုပ်သားအရေးကူညီဆောင် ရွက်ပေးနေသည့် (M.H.A.C) မဟာမိတ်အဖွဲ့ ကိုရဲမင်းထံ ဆက်သွယ်၍ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။လက်ရှိတွင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (စဝတ်ဒီကန်ရုံး) မှ မြန်မာအလုပ်သမားများ၏ တိုင်ကြားမှုကို လက်ခံထားပြီး အလုပ်ရှင်အား လာရောက်ဖြေရှင်းရန်ဆင့်ခေါ်ထားကာ အလုပ်ရှင်အနေဖြင့် လာရောက်ဖြေရှင်းခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



