မိတ္ထီလာမြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း လှည့်ပတ်လိမ်လည်နေသူတစ်ဦးကို နိုဝင်ဘာ ၃၀ ရက်ညက ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။အဆိုပါလိမ်လည်သူမှာ ဝမ်းတော်ပြည့် တိုးချဲ့ရပ်ကွက်တွင် ငှားနေသူဖြစ်သည်ဟု ကနဦးသိရပြီး ၎င်းနှင့်အတူ ဖုန်း ၂၄ လုံး၊ ရွှေအမြောက်အများဖြင့် ဖမ်းဆီးရမိခြင်းဖြစ်သလို သက်ဆိုင်ရာမှ စစ်ဆေးနေကြောင်းလည်း ဆိုကြသည်။



