back

ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း(၁၁၀)ကျော်က အရိုးအိုးတစ်အိုးတွေ့ရှိ

Dec 01 • 1:53 PM

breaking-news

မြန်မာ

မန္တလေး

cover

ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း(၁၁၀)ကျော်က အရိုးအိုးတစ်အိုးတွေ့ရှိ

မန္တလေးမြို့၊မန္တလေးတောင်ခြေအနီးက ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၁၀)ကျော်က အရိုးအိုးတစ်အိုးကို နိုဝင်ဘာလ (၃၀)ရက်ညနေပိုင်းက တွေ့ရှိခဲ့တ...

မန္တလေးမြို့၊မန္တလေးတောင်ခြေအနီးက ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၁၀)ကျော်က အရိုးအိုးတစ်အိုးကို နိုဝင်ဘာလ (၃၀)ရက်ညနေပိုင်းက တွေ့ရှိခဲ့တယ်လို့ ဂေါပကအဖွဲ့ဆီက သိရပါတယ်။ အရိုးစများပါတဲ့ ငွေနဲ့ပြုလုပ်ထားတဲ့ ဖရုံသီးပုံ သဏ္ဌာန် အဖုံးအပိတ်ပါအိုးတစ်လုံးဖြစ်ပြီး အောက်မှာ ဖန်ကလပ်ပါရှိကာ အထဲမှာ အရိုးအပိုင်းအစငယ်များနဲ့ အံသွားတစ်ချောင်းပါရှိတယ်လို့ သိရပါတယ်။လက်ရှိတွေ့ရှိခဲ့အရိုးအိုးမှာ မြန်မာသက္ကရာဇ် ၁၂၇၅ ခုနှစ် ကဆုန်လဆန်း(၂)ရက်လို့ ကမ္ဗည်းထိုးထားတာကြောင့် အရိုးအိုးသက် တမ်းမှာနှစ်ပေါင်း(၁၁၂)နှစ်ရှိပြီဖြစ်ပြီး သီပေါမင်းပါတော်မူပြီး နှစ်ပေါင်း(၂၈)နှစ်ကြာက အရိုးအိုးဖြစ်တယ်လို့ သိရပါတယ်။ 


news-view-count-icon

25