နိုဝင်ဘာလ ၃၀ ရက်က မြန်မာနိုင်ငံဘက်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက် ကြီးကျည် (၉) လုံး ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုတွေအပြင် နေအိမ်တွေကိုပါထိမှန်ခဲ့တဲ့အတွက် ထိုင်းစစ်တပ်က မဲဆောက်-မြဝတီဒေသရှိ ကုန်ပစ္စည်းပို့ဆောင်နေတဲ့ လှေဂိတ်ကို ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ထိုင်း-မြန်မာ နှစ်နိုင်ငံ အဓိက ကုန်သွယ်မှုပြုလုပ်နေတဲ့ မြဝတီ-မဲဆောက် အမှတ် (၂) တံတားကို မြန်မာဘက်ပိတ်ထားပြီး အခုအခါ ထိုင်းစစ်တပ်က ကုန်စည်ပို့ဆောင်နေတဲ့ လှေဂိတ်တွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ (၇) ရက်ပိတ်လိုက်ထားဖို့ အမိန့်ထုတ်ပြန်လိုက်တာကြောင့် မြန်မာနိုင်ငံ၊ မြဝတီဘက်မှာ ထိုင်ကုန်စည်တွေ ပြတ်လတ်သွားနိုင်ပြီး ဈေးနှုန်းမြင့်တက်လာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။



