မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ဇေတဝန်ကျောင်းတိုက် သာသနာနွယ် ဆရာတော် အရှင် စန္ဒဇောတိရဲ့ သာသနဝံသ ကျောင်းဆောင်နဲ့ သာသနာနွယ်ဖောင်းဒေးရှင်းကျောင်းဆောင်တို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာပဲ ချိပ်ပိတ်သိမ်းဆည်းလိုက်တာ ဖြစ်ပါတယ်။မော်လမြိုင်သာသနာနွယ် ဆရာတော်ဟာ နိုင်ငံတော် တည်ငြိမ်းအေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာမှာ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာတွေ ပြုလုပ်ခဲ့တာကြောင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။



