မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ဒေသခံအမျိုးသားတစ်ဦး ရိုက်နှက်မှုနဲ့ သံသယရှိတဲ့ မြန်မာအမျိုးသားနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဒီကနေ့ မလေးရှားသတင်းတွေမှာ ဖော်ပြကြပါတယ်။ ကွာလာလမ်ပူမြို့၊ Kampung Pandan, Lorong 5 မှာ နိုဝင်ဘာ ၃၀ ရက် မနေ့က ဒေသခံအမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်မှု ဖြစ်တာပါ။ လက်ရှိတွင် ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။



