back

ဂျပန်မှာ အောက်တိုဘာလအတွက် အလုပ်ခေါ်ယူမှုနဲ့ လျှောက်ထားသူအချိုးအစား အနည်းငယ် ကျဆင်း

Dec 01 • 1:34 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်မှာ အောက်တိုဘာလအတွက် အလုပ်ခေါ်ယူမှုနဲ့ လျှောက်ထားသူအချိုးအစား အနည်းငယ် ကျဆင်း

ဂျပန်နိုင်ငံမှာ အောက်တိုဘာလတုန်းက အလုပ်ခေါ်ယူမှုနဲ့ လျှောက်ထားသူအချိုးအစား အနည်းငယ် ကျဆင်းခဲ့တာကြောင့် အလုပ်အကိုင်ဈေးကွက် တင်းကျပ်လာခဲ့တယ်လို့ အခုနောက်ဆုံး အချက...

ဂျပန်နိုင်ငံမှာ အောက်တိုဘာလတုန်းက အလုပ်ခေါ်ယူမှုနဲ့ လျှောက်ထားသူအချိုးအစား အနည်းငယ် ကျဆင်းခဲ့တာကြောင့် အလုပ်အကိုင်ဈေးကွက် တင်းကျပ်လာခဲ့တယ်လို့ အခုနောက်ဆုံး အချက်အလက်တွေက ပြသနေပါတယ်။ ခရိုင်တစ်ခုမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အလုပ်ခေါ်ယူမှုဟာ လျှောက်ထားသူအရေအတွက်ထက် နည်းသွားတာကို တွေ့ရပါတယ်။ အလုပ်သမားရေးရာ ဝန်ကြီးဌာနက ကိန်းဂဏန်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် လျှောက်ထားသူဦးရေ ၁၀၀ အတွက် နိုင်ငံတစ်ဝန်းမှာ အလုပ်ခေါ်ယူမှု ၁၁၈ ခု ရှိခဲ့ပါတယ်။ အလုပ်ခေါ်ယူမှုအရေအတွက်ဟာ စက်တင်ဘာလတုန်းကထက် ၂ ခု လျော့နည်းသွားခဲ့ပါသည်။



news-view-count-icon

4