back

တရုတ်များကို ရုရှားတွင် ရက်၃၀ ဗီဇာကင်းလွတ်ခွင့်ပြု

Dec 01 • 1:28 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်များကို ရုရှားတွင် ရက်၃၀ ဗီဇာကင်းလွတ်ခွင့်ပြု

    ခရီးသွားများ၊ စီးပွားရေးသမားများ၊ ပညာရှင်များ၊ အနုပညာရှင်များနှင့် အားကစားသမားများအပါအဝင် တရုတ်နိုင်ငံသား ခရီးသွားများစွာကို ရုရှားနိုင်ငံတွင် ရက်ပေါင်း ၃၀ ...


    ခရီးသွားများ၊ စီးပွားရေးသမားများ၊ ပညာရှင်များ၊ အနုပညာရှင်များနှင့် အားကစားသမားများအပါအဝင် တရုတ်နိုင်ငံသား ခရီးသွားများစွာကို ရုရှားနိုင်ငံတွင် ရက်ပေါင်း ၃၀ အထိ ဗီဇာမလိုဘဲ ဝင်ရောက်နေထိုင်ခွင့်ပြုသည့် အတည်ပြု ဒီကရီ အမိန့်တစ်ရပ်ကို သမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာလ ၁ ရက် တနင်္လာနေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတပ်များကို ယူကရိန်းနိုင်ငံအတွင်းသို့ စေလွှတ်ခြင်းမပြုမီ ရက်ပိုင်းအလိုက ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် အကန့်အသတ်မဲ့ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုအချိန်မှစ၍ မော်စကိုသည် အနောက်တိုင်း၏ ပိတ်ဆို့မှုများဒ-ဏ်မှ သက်သာရာရစေရေးအတွက် ပေကျင်းထံမှ သွင်းကုန်များကို အကြီးအကျယ် အမှီပြုခဲ့ရသည်။ 

      

news-view-count-icon

2