ဟောင်ကောင်သမိုင်းမှာ ၇၅ နှစ်အတွင်း အဆိုးဆုံးမီးလောင်မှုကြီးမှာ ကွယ်လွန်သူတွေအတွက် အောက်မေ့၊ ဆုတောင်း၊ ပန်းစည်းချသူတွေ ထောင်ချီရှိခဲ့တဲ့အတွက် တရုတ်ပြည်မ ဆန့်ကျင်ရေး (Anti-China) ဆန္ဒပြမှုတွေ၊ မြို့ပြတည်ငြိမ်မှုပျက်ပြားအောင် လှုံ့ဆော်မှုတွေ မလုပ်ဖို့ တရုတ်အစိုးရက ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့မှာ မီးလောင်သွားတဲ့ အိမ်ရာဝင်းအနီး တူးမြောင်းတခုရဲ့ ကမ်းပါးတလျှောက်မှာ ကွယ်လွန်သူတွေအတွက် ပန်းစည်းချဖို့ တန်းစီစောင့်ဆိုင်းတဲ့ လူတန်းဟာ ၁ ကီလိုမီတာကျော် ရှည်လျားခဲ့ပါသည်။



