ဂျပန်အစိုးရရဲ့ စစ်တမ်းတစ်ခုအရ နိုင်ငံတစ်ဝန်းရှိ ပြုစုစောင့်ရှောက်ရေးဌာနတွေရဲ့ ၃၇ ရာခိုင်နှုန်းကျော်ဟာ ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ အရှုံးနဲ့ လည်ပတ်နေရတယ်ဆိုတာ ပြသနေပါတယ်။ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနဟာ နိုင်ငံရဲ့ ကာလရှည်ပြုစုစောင့်ရှောက်မှု အာမခံစနစ်အောက်မှာ ဝန်ဆောင်မှုပေးနေတဲ့ ပြုစုစောင့်ရှောက်ရေးဌာနတွေကို ပစ်မှတ်ထားပြီး အခုနှစ် မေလမှာ စစ်တမ်းကောက်ယူခဲ့ပါတယ်။ အဲဒီဝန်ကြီးဌာနဟာ သုံးနှစ်တစ်ကြိမ် စစ်တမ်းကောက်ပါတယ်။ အခုနှစ်မှာ ပြုစုစောင့်ရှောက်ရေးဌာန ၈,၀၉၉ ခု တစ်နည်းအားဖြင့် ၄၆.၂ ရာခိုင်နှုန်းဆီက တုံ့ပြန်မှုတွေရခဲ့ပါသည်။



