back

ဝက်ဝံထိန်းချုပ်ရေးအတွက် ဂျပန်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စံချိန်တင်များပြားတဲ့ ယန်း ၃.၄ ဘီလီယံ လျာထား

Dec 01 • 1:22 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဝက်ဝံထိန်းချုပ်ရေးအတွက် ဂျပန်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စံချိန်တင်များပြားတဲ့ ယန်း ၃.၄ ဘီလီယံ လျာထား

ဂျပန်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အခုဘဏ္ဍာရေးနှစ်ရဲ့ ထပ်ဆောင်းဘတ်ဂျက်မူကြမ်းမှာ ဝက်ဝံထိန်းချုပ်ရေးအစီအမံတွေအတွက် ယန်း ၃.၄ ဘီလီယံ တစ်နည်းအားဖြင့် အမေ...

ဂျပန်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အခုဘဏ္ဍာရေးနှစ်ရဲ့ ထပ်ဆောင်းဘတ်ဂျက်မူကြမ်းမှာ ဝက်ဝံထိန်းချုပ်ရေးအစီအမံတွေအတွက် ယန်း ၃.၄ ဘီလီယံ တစ်နည်းအားဖြင့် အမေရိကန် ဒေါ်လာ ၂၂ သန်းလောက်ကို သတ်မှတ်ခဲ့ပါတယ်။ အဲဒီပမာဏက မနှစ်က ခွဲဝေသတ်မှတ်မှုထက် ၆ ဆကျော်ဖြစ်ပြီး၊ အခုချိန်အထိအတွင်းမှာ အများဆုံးဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်း ဝက်ဝံတိုက်ခိုက်မှုတွေကြောင့် လူတွေ ထိခိုက်သေဆုံးတဲ့ အရေအတွက် အမြင့်ဆုံးကို ရောက်ရှိနေချိန်မှာ အခုလို လုပ်ဆောင်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့သက်တမ်းပါ စာချုပ်တွေနဲ့ လိုင်စင်ရမုဆိုးတွေကို ငှားရမ်းဖို့အတွက် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကို ထောက်ပံ့ဖို့ ငွေကြေးတစ်ချို့ကို ခွဲဝေပေးမှာဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောခဲ့ပါသည်။




news-view-count-icon

2