back

ကွတ်ခိုင်မှာ ထောင်ဖောက်ပြေးသွားသူတွေထဲမှာ သက်ငယ်မုဒိန်းကျူးလွန်သူ ၂ ဦးပါဝင်

Dec 01 • 12:48 PM

breaking-news

မြန်မာ

ရှမ်း

cover

ကွတ်ခိုင်မှာ ထောင်ဖောက်ပြေးသွားသူတွေထဲမှာ သက်ငယ်မုဒိန်းကျူးလွန်သူ ၂ ဦးပါဝင်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ညက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားခဲ့တဲ့ အချုပ်သား ၃၇ ဦးထဲမှာ သက်ငယ်မုဒိန်းကျူးလွန်ခဲ့တဲ့ အမျိုးသား ၂...

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ညက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားခဲ့တဲ့ အချုပ်သား ၃၇ ဦးထဲမှာ သက်ငယ်မုဒိန်းကျူးလွန်ခဲ့တဲ့ အမျိုးသား ၂ ဦး ပါဝင်တယ်လို့ သိရှိရပါတယ်။ထွက်ပြေးသွားတဲ့ အချုပ်သားတွေထဲမှာ ကွတ်ခိုင်မြို့ ရပ်ကွက် (၈) ရှိ ရွှေကွတ်ခိုင် အထူးကုဆေးခန်းက အလုပ်သမားဖြစ်တဲ့ အမျိုးသမီးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ ဆေးခန်းပိုင်ရှင် အသက် ၃၇ နှစ်ဝန်းကျင် ဒေါက်တာအောင်ဖြိုးနိုင်လည်း ပါဝင်တယ်လို့ ကွတ်ခိုင်အမျိုးသမီးရေးရာအဖွဲ့ တာဝန်ခံ ဒေါ်ခမ်းမတ်က ပြောပါတယ်။နိုဝင်ဘာ ၁ ရက်ညက ထောင်ဖောက်ထွက်ပြေးတဲ့အထဲမှာ ကွတ်ခိုင်က မယားပါသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားလည်း ပါသွားတယ်လို့ ဆိုပါတယ်။





news-view-count-icon

18