back

ရန်ကုန်တွင် အနိမ့်ဆုံးအပူချိန် ၁၆ °C အထိရှိနိုင်၊ လာနီညာကြောင့် တိုင်း/ပြည်နယ်အချို့တွင် ညအပူချိန် များ သိသိသာသာ လျော့ကျမည်

Dec 01 • 12:49 PM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တွင် အနိမ့်ဆုံးအပူချိန် ၁၆ °C အထိရှိနိုင်၊ လာနီညာကြောင့် တိုင်း/ပြည်နယ်အချို့တွင် ညအပူချိန် များ သိသိသာသာ လျော့ကျမည်

လာနီညာရာသီဥတုအားကောင်းနေဆဲဖြစ်ကာ ရန်ကုန်တိုင်းအပါဝင်တိုင်းနှင့် ပြည်နယ်အချို့တွင် ညအပူချိန်လျော့နည်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇ...

လာနီညာရာသီဥတုအားကောင်းနေဆဲဖြစ်ကာ ရန်ကုန်တိုင်းအပါဝင်တိုင်းနှင့် ပြည်နယ်အချို့တွင် ညအပူချိန်လျော့နည်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဒီဇင်ဘာ ၁ ရက်နေ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။ရန်ကုန်မြို့တွင် အနိမ့်ဆုံးအပူချိန်မှာ ၁၆ ဒီကရီဆဲလ်စီးယပ် ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန် ၃၀ ဒီကရီဆဲလ်စီးယပ်၊ မန္တလေးမြို့တွင် အနိမ့်ဆုံးအပူချိန်မှာ ၁၄ ဒီကရီဆဲလ်စီးယပ်ရှိနိုင်ပြီး အမြင့်ဆုံး အပူချိန်မှာ ၁၉ ဒီကရီဆဲလ် စီးယပ်ရှိနိုင်သည်။လာမည့် ဒီဇင်ဘာ ပထမ ၁၀ ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အောင်တို့တွင် လေဖိအားနည်းရပ်ဝန်း ၁ ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။




news-view-count-icon

62