မြန်မာနိုင်ငံဘက်သို့ မုန်တိုင်းအကြွင်းအကျန်များ ဝင်ရောက်လာနိုင်မည့် အခြေအနေ မရှိတော့သဖြင့် မိုးရွာသွန်းနိုင်မှု အခြေအနေမရှိ သော်လည်း ကချင်၊ ချင်း နှင့် ရှမ်းပြည်နယ်များတွင် အနိမ့်ဆုံးညအပူချိန်များ ၁၀°C အောက်အထိ ဆက်လက်ကျဆင်းလာနိုင်ပြီး၊ အလယ်ပိုင်းဒေသများမှာ ၁၅°C အောက်၊ တောင်ပိုင်းဒေသများတွင် ၂၀°C အောက်သို့ ကျဆင်းလာနိုင်သဖြင့် တဖြည်းဖြည်း အအေးပိုလာမည်ဟု မိုးလေဝသ ပညာရှင် ဦးဝင်နိုင်မှခန့်မှန်းထားသည်။ယခု ၁ ပတ်အတွင်း - ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၂°C ရှိနိုင်ပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၂°C ရှိနိုင်ပြီး နိုဝင်ဘာ ၂၈ ရက်နေ့တွင် အနိမ့်ဆုံးညအပူချိန် ၈°C အထိကျဆင်းနိုင်ပါသည်။ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၏ လေထုညစ်ညမ်းမှုအခြေအနေ (AQI Value) သည် 55 ရှိနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မှာ 105 နှင့်ရှမ်းပြည်မြောက်ပိုင်းမှာ 125 အထိရှိနိုင်ပြီး လေထုညစ်ညမ်းမှုအညွှန်းကိန်း အများဆုံးဖြစ်နိုင် ကြောင်းသိရပါသည်။



