ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ခပေါင်းချောင်းထဲသို့ ခုန်ချပျောက်ဆုံးနေသည့် အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦးအား ယနေ့ (ဒီဇင်ဘာ ၁ ရက်) မွန်းတည့် ၁၂ နာရီအထိ ရှာဖွေမတွေ့ရှိသေးကြောင်း Save The Trees Rescue Team ထံမှ သိရသည်။ အဆိုပါအမျိုးသားသည် ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးဖြစ်ပြီး၊ ယမန်နေ့ (နိုဝင်ဘာ ၃၀ ရက်) မွန်းလွဲ ၃ နာရီခန့်က ခုန်ချသွားခဲ့ခြင်းဖြစ်သည်။ ၎င်း၏စီးပွားရေး အဆင်မပြေမှု၊ ဇနီးဖြစ်သူ၏ ကျန်းမာရေးနှင့် ဆေးဖိုးစရိတ်များကြောင့် စိတ်ဓာတ်ကျကာ ခုန်ချခြင်းဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ဒေသခံပရဟိတအသင်းများနှင့် ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Dec 01 • 7:18 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 30 | 0 | 0 | 0 |


